Announcement of date/time/venue for Advance Voting for 2015 General Election

Announcement of date/time/venue for Advance Voting

for 2015 General Election

In PDF

ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန်

သတ်မှတ်ရက်/အချိန်နှင်‌့ နေရာတို့ အကြောင်းကြားခြင်း

၁။                    မြန်မာနိုင်ငံ၌ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် ရှိခြင်းကြောင့် ပါကစ္စတန် နိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် အောက်ပါ နေ့ရက်/ အချိန်/ နေရာ တို့တွင် မဲရုံ သတ်မှတ် ထားရှိမည် ဖြစ်ပါကြောင်း အကြောင်းကြားအပ်ပါသည်-

 

နေ့ရက်            -           (၁၇-၁၀-၂၀၁၅)ရက်နေ့ (စနေနေ့)

အချိန်              -           နံနက် (၆)နာရီမှ ညနေ (၄)နာရီ အထိ

နေရပ်လိပ်စာ   -           မြန်မာသံရုံး၊ အစ္စလာမာဘတ်မြို့

   Plot No. 99-101, Street No. 5,

   Diplomatic Enclave, Sector G-5

၂။                    အထက်ပါ နေ့ရက်တွင် သံရုံးသို့ လာရောက် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် သံရုံး တည်ရှိရာ Diplomatic Enclaveသို့ ဝင်ရောက်နိုင်ရန် အတွက် လိုအပ်သော ဂိတ်ဝင်ခွင့် များကို သံရုံးမှ ဆောင်ရွက်ပေးပါမည်။ သို့ပါ၍ အမည် (နိုင်ငံကူး လက်မှတ် တွင် ဖော်ပြသည့် စာလုံးပေါင်းအတိုင်း)၊ နိုင်ငံကူးလက်မှတ် အမှတ်၊ ထုတ်ပေးရက်စွဲ၊ ဖုန်းအမှတ် တို့ကို ဤသံရုံး၏ အီးမေးလ် အမှတ် ( embassy_myanmarisb@yahoo.com ) သို့ အချိန်မီ အကြောင်းကြားပေး ပါရန်နှင့် မရှင်းလင်းပါက ဖုန်းအမှတ်၊ ၀၃၀၀ ၈၅၆၆၃၂၁ သို့မဟုတ် ၀၅၁ ၂၈၃၂၂၃၂ သို့ စုံစမ်းနိုင်ကြောင်း အကြောင်းကြား အပ်ပါသည်။

 

မြန်မာသံရုံး၊ အစ္စလာမာဘတ်မြို့