Notice: Forms for Parliamentary by-elections, 2017

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရေးကိစ္စ အကြောင်းကြားချက်

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ(၁၀)ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄(ဂ)နှင့် နည်းဥပဒေ ၁၆(က)တို့အရ ၁၃၇၈ ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၅)ရက် [၂၀၁၇ ခုနှစ်၊ ဧပြီလ (၁)ရက်] စနေနေ့တွင် လွှတ်တော် ကိုယ်စားလှယ်နေရာ လစ်လပ်နေသည့် အောက်ဖော်ပြပါ မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတ်မှတ်ကြေညာခဲ့ပါသည်။ ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနက် လစ်လပ်မဲဆန္ဒနယ်များမှ မဲဆန္ဒရှင်များသည် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများနှင်‌့ ဆက်သွယ်ကာ ကြိုတင်ဆန္ဒမဲများ ပေးနိုင်ကြမည် ဖြစ်ပါသည်။ ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအနေဖြင့် မိမိတို့ သက်ဆိုင်ရာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်များအား မဲပေးနိုင်ရေးအတွက် မိိမိတို့၏ အချက်အလက်များ၊ အထူးသဖြင့် မြန်မာနိုင်ငံရှိ နေရပ်လိပ်စာ အတိအကျကို အောက်ဖော်ပြပါ ပုံစံ(၁၅)တွင် ဖြည့်စွက်ကာ ဤသံရုံးသို့ စာတိုက်မှဖြစ်စေ၊ Scan ဆွဲ၍ Email မှ ဖြစ်စေ ယခု ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက် နောက်ဆုံးထား၍ ပေးပို့ကြပါရန် မေတ္တာရပ်ခံ အကြောင်းကြားအပ်ပါသည်-

 

  လစ်လပ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များ အကျုံးဝင်သောမြို့နယ်များ
(၁) မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် မုံရွာ
(၂) ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ချောင်းဆုံ
(၃) အမ်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အမ်း
(၄) လှိုင်သာယာမြို့နယ်် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် လှိုင်သာယာ
(၅) ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ဒဂုံမြို့သစ်(ဆိပ်ကမ်း)
(၆) ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ဒဂုံမြို့သစ်(အရှေ့ပိုင်း)
(၇) ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ကော့မှူး
(၈) ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ကျေးသီး
(၉) မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် မိုင်းရှူး

 

  လစ်လပ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ အကျုံးဝင်သောမြို့နယ်များ
(၁) ချင်းပြည်နယ်အမျိုးသားလွှတ်တော် ထန်တလန်
  မဲဆန္ဒနယ် အမှတ်(၃)  
(၂) ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကျောက်တံခါး၊ ညောင်လေးပင်
  မဲဆန္ဒနယ် အမှတ်(၄)  
(၃) ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကမာရွတ်၊ ကြည့်မြင်တိုင်၊
ဆိပ်ကမ်း၊ လသာ၊လှိုင်၊
လမ်းမတော်၊ အလုံ
  မဲဆန္ဒနယ် အမှတ်(၆)  

 

  လစ်လပ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များ အကျုံးဝင်သောမြို့နယ်များ
(၁) ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ဖရူဆို
(၂) ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ကျိုင်းတုံ
  အမှတ်(၂)  
(၃) ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ကျေးသီး
  အမှတ်(၁)  
(၄) ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ကျေးသီး
  အမှတ်(၂)  
(၅) ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ညောင်ရွှေ
  အမှတ်(၁)  
(၆) မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် မိုင်းရှူး
  အမှတ်(၁)  
(၇) မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် မိုင်းရှူး
  အမှတ်(၂)  

 

မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ပတ်သက်၍ ဖြည့်သွင်းရန်ပုံစံ

[နည်းဥပဒေ ၅၆ (က) နှင့် ၅၇ (က)]


သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ပတ်သက်၍ ဖြည့်သွင်းရန် ပုံစံ (ပုံစံ- ၁၅) [Microsoft Word Version with Myanmar 2 Font]<<<Click Here!>>>

သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ပတ်သက်၍ ဖြည့်သွင်းရန် ပုံစံ (ပုံစံ-၁၅) [Microsoft Word Version with ZawGyi Font] <<<Click Here!>>>

သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ပတ်သက်၍ ဖြည့်သွင်းရန် ပုံစံ (ပုံစံ – ၁၅)[PDF Version] <<<Click Here!>>>

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံရုံး၏ လိပ်စာ၊ဖုန်း၊ ဖက်စ်အမှတ်နှင့် Email

လိပ်စာ၊ Plot No. 99-101, Street No. 5, Sector G-5,
Diplomatic Enclave, Islamabad
ဖုန်း၊     (051) 2832232
ဖက်စ်၊   (051) 2832233
Email  This email address is being protected from spambots. You need JavaScript enabled to view it.

မှတ်ချက်။ ပုံစံများအား ဖြည့်စွက်ပေးပို့ရာတွင် ပြည်ပရှိ နေရပ်လိပ်စာကို အင်္ဂလိပ်ဘာသာ တစ်မျိုးတည်းဖြင့်သာ ဖြည့်စွက်ပါရန်၊ မိမိတို့အား ဆက်သွယ်နိုင်မည့် တယ်လီဖုန်း အမှတ်များ ကိုလည်း ဖော်ပြပေးကြပါရန်၊ သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ် မိတ္တူကိုလည်း ပုံစံ(၁၅) နှင့်အတူ တစ်ပါတည်း ပူးတွဲပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မြန်မာသံရုံး
အစ္စလာမာဘတ်မြို့