Embassy Announcement

Notice: Forms for Parliamentary by-elections, 2018

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရေးကိစ္စ အကြောင်းကြားချက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ (၁၀)ပါ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၄(ဂ)နှင့် နည်းဥပဒေ ၁၆(က)တို့အရ ၁၃၈၀ ပြည့်နှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၁၀) ရက် [ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက် ] စနေနေ့တွင် လွှတ်တော်ကိုယ်စားလှယ်နေရာလစ်လပ် နေသည့် အောက်ပါမဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သတ်မှတ်ကြေညာခဲ့ပါသည်။ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနက် လစ်လပ်မဲဆန္ဒနယ်များမှ မဲဆန္ဒရှင်များသည် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး/အဖွဲရုံး/ကောင်စစ်ဝန်ချုပ်ရုံးများနှင့် ဆက်သွယ်ကာ ကြိုတင် ဆန္ဒမဲများ ပေးနိုင်ကြမည် ဖြစ်ပါသည်။ ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်လျက် ရှိကြသော မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအနေဖြင့် မိမိတို့ သက်ဆိုင်ရာ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်များအား မဲပေးနိုင်ရေးအတွက် မိမိတို့၏ အချက်အလက်များ၊ အထူးသဖြင့် မြန်မာနိုင်ငံရှိ နေရပ်လိပ်စာအတိအကျကို အောက်ဖော်ပြပါ ပုံစံ(၁၅)တွင် ဖြည့်စွက်ကာ ဤသံရုံး သို့ စာတိုက်မှဖြစ်စေ၊ Scan  ဆွဲ၍  Email မှ ဖြစ်စေ ယခု ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၉)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ကြပါရန် မေတ္တာရပ်ခံ အကြောင်းကြားအပ်ပါသည်-

  လစ်လပ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များ အကျုံးဝင်သောမြို့နယ်များ
(၁)  ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်  ကန်ပက်လက်
(၂)  လဲချားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်  လဲချား
(၃)  တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်  တာမွေ
(၄)   မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်  မြင်ခြံ

 

  လစ်လပ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ အကျုံးဝင်သောမြို့နယ်များ
  ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) မြစ်ကြီးနား

 

  လစ်လပ်တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များ အကျုံးဝင်သောမြို့နယ်များ
(၁) မတူပီမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) မတူပီ
(၂) တမူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) တမူး
(၃) အုတ်တွင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) အုတ်တွင်း
(၄) သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) သပိတ်ကျင်း
(၅) ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) ရသေ့တောင်
(၆) မင်းဘူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) မင်းဘူး
(၇) ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) ဆိပ်ကမ်း
(၈) မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် မန္တလေး တိုင်းဒေသကြီး တစ်ခုလုံး ( ပြည်ထောင်စု နယ်မြေမှအပ )

 

မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့်ပတ်သက်၍ ဖြည့်သွင်းရန်ပုံစံ

[ နည်းဥပဒေ ၅၆(က) နှင့် ၅၇(က) ]

သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့်ပတ်သက်၍ ဖြည့်သွင်းရန် ပုံစံ (ပုံစံ-၁၅) [ Microsoft Word Version with Myanmar 2 Font ] <<<Click Here!>>>

သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့်ပတ်သက်၍ ဖြည့်သွင်းရန် ပုံစံ (ပုံစံ-၁၅) [ Microsoft Word Version with ZawGyi Font ] <<<Click Here!>>>

သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့်ပတ်သက်၍ ဖြည့်သွင်းရန် ပုံစံ (ပုံစံ-၁၅) [ PDF ] <<<Click Here!>>>

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံရုံး၏ လိပ်စာ၊ ဖုန်း၊ ဖက်စ်အမှတ်နှင့် Email

လိပ်စာ၊ Plot No. 99-101, Street No. 5, Sector G-5,
Diplomatic Enclave, Islamabad
ဖုန်း၊ (051) 2832232
ဖက်စ်၊ (051) 2832233
Email This email address is being protected from spambots. You need JavaScript enabled to view it.

မှတ်ချက်။ ပုံစံများအား ဖြည့်စွက်ပေးပို့ရာတွင် ပြည်ပရှိ နေရပ်လိပ်စာကို အင်္ဂလိပ်ဘာသာ တစ်မျိုးတည်းဖြင့်သာ ဖြည့်စွက်ပါရန်၊ မိမိတို့အား ဆက်သွယ်နိုင်မည့် တယ်လီဖုန်း အမှတ်များ ကိုလည်း ဖော်ပြပေးကြပါရန်၊ သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ် မိတ္တူကိုလည်း ပုံစံ(၁၅) နှင့် အတူ တစ်ပါတည်း ပူးတွဲပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မြန်မာသံရုံး
အစ္စလာမာဘတ်မြို့
ပုံစံ (၁၅)

 

 

 

 

Information released by the Tatmadaw True News Information Team on the findings of the Investigation Team in connection with the performances of the security troops during the terrorist attacks in Maungtaw region , Rakhine State

Information released by the Tatmadaw True News Information Team on the findings of the Investigation Team in connection with the performances of the security troops during the terrorist attacks in Maungtaw region , Rakhine State

tamadaw-true-news-01

 

Read more

Ministries

Myanmar Missions Abroad

Trade Links