Embassy Announcement

NOTICE TO ALL MYANMAR CITIZENS IN PAKISTAN FOR VOTING

၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရေး ကိစ္စ

အကြောင်းကြားချက်

                   ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲအား မြန်မာနိုင်ငံ၌ (၈-၁၁-၂၀၁၅) ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ၏ ခွင်‌့ပြုချက်ဖြင့် ပြည်ပသို့ ရောက်ရှိလျက်ရှိကြသော မြန်မာနိုင်ငံသားများသည် သက်ဆိုင်ရာ နိုင်ငံရှိ မြန်မာသံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများနှင်‌့ ဆက်သွယ်ကာ ကြိုတင်ဆန္ဒမဲများ ပေးနိုင်ကြမည် ဖြစ်ပါသည်။ ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်လျက်ရှိ ကြသော မြန်မာ နိုင်ငံသားများအတွက် ထိုသို့ကြိုတင်ဆန္ဒမဲပေးမှုကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ လလယ်ပိုင်းတွင် ဤသံရုံး၌ ကျင်းပမည် ဖြစ်ပါသည်။ သို့ပါ၍ ကြိုတင်ဆန္ဒမဲ ပေးခွင်‌့ရှိသူ စာရင်း ကောက်ယူလျက်ရှိရာ မိမိတို့နှင်‌့ သက်ဆိုင်ရာ မဲဆန္ဒနယ်မှ ကိုယ်စားလှယ် များအား မဲပေး နိုင်ရေးအတွက် မိိမိတို့၏ အချက်အလက်များ၊ အထူးသဖြင့် မြန်မာနိုင်ငံရှိ နေရပ်လိပ်စာ အတိအကျကို အောက်ဖော်ပြပါ ပုံစံ (ပုံစံ၁၅)တွင် ဖြည့်စွက်ကာ ဤသံရုံးသို့ စာတိုက်မှ ဖြစ်စေ၊ Scan ဆွဲ၍ Email မှ ဖြစ်စေ ယခု ၂၀၁၅ခုနှစ်၊ ဇူလိုင်လ (၂၈) ရက် နောက်ဆုံးထား၍ ပေးပို့ ကြပါရန် မေတ္တာရပ်ခံ အကြောင်းကြားအပ်ပါသည်-

 

မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့်
ပတ်သက်၍ ဖြည့်သွင်းရန်ပုံစံ

[နည်းဥပဒေ ၅၆ (က) နှင့် ၅၇ (က)]

 

သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ပတ်သက်၍ ဖြည့်သွင်းရန် ပုံစံ (ပုံစံ- ၁၅) [Microsoft Word Version with Myanmar 2 Font]<<<Click Here!>>>

 

သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ပတ်သက်၍ ဖြည့်သွင်းရန် ပုံစံ (ပုံစံ-၁၅) [Microsoft Word Version with ZawGyi Font] <<<Click Here!>>>

 

သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ပတ်သက်၍ ဖြည့်သွင်းရန် ပုံစံ (ပုံစံ ၁၅)[PDF Version] <<<Click Here!>>>

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံရုံး၏ လိပ်စာ၊ဖုန်း၊ ဖက်စ်အမှတ်နှင့် Email

လိပ်စာ၊        Plot No. 99-101, Street No. 5, Sector G-5,

Diplomatic Enclave, Islamabad

ဖုန်း၊             (051) 2832232

ဖက်စ်၊          (051) 2832233

Email          embassy_myanmarisb@yahoo.com

မှတ်ချက်။  ပုံစံများအား ဖြည့်စွက်ပေးပို့ရာတွင် မိမိတို့အား ဆက်သွယ်နိုင်မည် တယ်လီဖုန်း အမှတ်များကိုလည်း ဖော်ပြပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

မြန်မာသံရုံး

အစ္စလာမာဘတ်မြို့

Ministries

Myanmar Missions Abroad

Trade Links